• ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် (ဓမ္မတေးဝိဇ္ဇာမိသားစု) - ၁၃၃၉ (၁/၁)

  • Jan 10 2024
  • Length: 2 hrs and 8 mins
  • Podcast

ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် (ဓမ္မတေးဝိဇ္ဇာမိသားစု) - ၁၃၃၉ (၁/၁) cover art

ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် (ဓမ္မတေးဝိဇ္ဇာမိသားစု) - ၁၃၃၉ (၁/၁)

  • Summary

  • ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာနှင့် အခြားကမ္မဋ္ဌာန်းဌာနအသီးသီးတွင် များစွာသော ရဟန်းရှင်လူတို့အား ဆောင်ပုဒ်များနှင့်တကွ ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က မဟာစည်ဆရာတော်ကြီး မြသိန်းတန်ကျောင်း၊ ရန်ကုန် (ဓမ္မတေးဝိဇ္ဇာမိသားစု)တွင် ဟောကြားထားသည့် ကောင်းခြင်းလေးဖြာမင်္ဂလာတရားတော်ကိုသာ အသံဖိုင်မှတ်တမ်းအဖြစ် စုစည်းရရှိပါသည်။ အသံဖိုင်အားဖြင့် ၁-ဖိုင် ဖြစ်ပါသည်။

    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက တရားတော်အစ၌ “ဒီကနေ့ဟောမည့် တရားကတော့ အဲဒီဆောင်ပုဒ်ပေးထားတဲ့အတိုင်း “ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်” ဆိုတာကိုဟောဖို့ပါပဲ။ အလှူအတန်းဒါနတွေနဲ့ ပတ်သက်ပြီးတော့ ကောင်းခြင်းလေးဖြာ မင်္ဂလာတရားဆိုတာ အင်မတန် ဆီလျော်ပါတယ်။ တိုတိုကလေးနဲ့ ထိထိရောက်ရောက်လဲရှိပါတယ်။ ပြီးတော့ ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်ဆိုတာက ဝိပဿနာတရားတွေလဲ ဒီအထဲအကုန်ပါနေတယ်။ အချိန်ရှိလို့ရှိယင်တော့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းဖြစ်ပြီးတော့ အရိယမဂ်ဖိုလ်ရောက်ပုံအလုံးစုံကိုဟောရမှာပဲ။ ဒါပေမယ့် ဒီကနေ့ည တညထဲနဲ့တော့ ဒီတရားကိုပြည့်ပြည့်စုံစုံ သိပ်မဟောနိုင်ဘူး။ နှစ်ညသုံးညလောက်ဟောမှ တော်ရုံရှိမယ်။” ဟူ၍ မိန့်ကြားထားပေသည်။

    • ၁၃၄၂-ခုနှစ်_ကောင်းခြင်းလေးဖြာမင်္ဂလာတရားတော်_အရှင်ကေလာသ
    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Show More Show Less
activate_primeday_promo_in_buybox_DT

What listeners say about ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် (ဓမ္မတေးဝိဇ္ဇာမိသားစု) - ၁၃၃၉ (၁/၁)

Average customer ratings

Reviews - Please select the tabs below to change the source of reviews.